|
ဒီအချက်တွေဟာ မိုးပြာဂိုဏ်းရဲ့ ဘယ်စာအုပ် ဘယ်နေရာကအချက်တွေလို့ ပြထားမခံရဘူး။ စာတစ်ခုဟာ သူ့စာစုထဲကအဓိပ္ပါယ်မျိုး တစ်ခုတည်းခွဲထုတ်ပြတာ ခံရတဲ့အခါမှာ အနက်မှန်မဖော်ပြနိုင်တတ်တာ အများသိကြပြီးသားပဲ။ ဒါကြောင့် ဒီဟောပြောချက်ထုတ်တဲ့အခါမှာ ထုတ်ပြသူက ဘယ်စာအုပ် ဘယ်နေရာက ဟောပြောချက်လို့ ညွှန်ပြဖို့လိုပါတယ်။
စာတစ်ခုရဲ့အဓိပ္ပါယ်ဟာ ရှေ့စာနောက်စာတွေနဲ့ကွဲနေလို့ ဆိုလိုတဲ့အချက်ကို မတွန်းပြနိုင်ရင် ဆိုလိုချက်မဟုတ်တာတွေလဲ ပေါ်ချင်ပေါ်နေနိုင်တာပဲ။ အဲဒီလိုဖြစ်ရင် သတင်းပို့တာမဖြစ်ဘဲ အတင်းပို့တာဖြစ်သွားခံရစရာရှိတယ်။ ဗုဒ္ဓဘာသာဟာ ငြိမ်းချမ်း လွတ်လပ်မှုရှေးရှုတဲ့ဘာသာပဲ။ အတင်းကိုဖြန့်ဝေမိတာဆိုရင် ဗုဒ္ဓဘာသာတို့ရည်ရွယ်ချက် ပျောက်ပျက်မှေးမှိန်ရစရာ ရှိတာပဲ။
အထုတ်ပြခံရတဲ့ ဟောပြောချက်တွေဟာ မေတ္တာတံခွန်အသင်းအနေနဲ့ နားလည်ဖို့မကောင်းလို့ ထုတ်ပြလိုက်တာလဲ ဖြစ်မှာပါပဲ။ နားလည်စရာမကောင်းတာဖြစ်တာလဲ ဟုတ်တာပဲလို့ နားလည်ပေးရမှာပဲ။ ဒီဟောပြောချက်တွေဟာ ပြုလုပ်မှုနဲ့ဖြစ်ပွားမှုရဲ့ အတိုင်း အထွာ (ကြိယာမတ္တ)အမြင်ဖြစ်တဲ့ ကမ္မဒဿန မရှိကြသူတွေ နားလည်ဖို့ အခက်အခဲရှိကြမှာတွေပဲ။
အဲဒီသူတွေက လိုလားစရာ ရှေ့ရှုရတဲ့အမြင်ဟာ ကာမဒဿနရှိသ၊ူ စိတ်မကူးဖို့ရှေးရှုတဲ့အမြင် ရူပဒဿနရှိသူ၊ ဘာမှမရှိရာ ရှေးရှုတဲ့အမြင် အရူပဒဿနရှိသူတွေပဲ။ အဲဒီသူတွေက ပြုလုပ်မှုနဲ့ဖြစ်ပွားပုံဆိုင်ရာ ပမာဏ (ကြိယာမတ္တ) ရှေးရှုတဲ့ ကမ္မဒဿနမရှိ ကြသူတွေပဲ။
ကမ္မဒဿနမရှိကြသူတွေဆိုတာ ကံအမြင်ကွယ်နေတာခံရသူတွေဆိုတာရဲ့ နောက်အမည်တစ်မျိုးပဲ။ အဲဒီသူတွေဟာ ကိုယ့်မှာ ကံအမြင်အကွယ်ခံနေရတာလဲ သတိမူမိမနေကြပါဘူး။ သူတို့ကံမြင်နေကြတယ်လို့ ထင်နေကြတယ်။ ဘယ့်ကြောင့် ဒီလိုထင်နေရတာလဲဆိုရင် ကံကို သူတို့ ယုံကြည်သက်ဝင်နေကြသူတွေလို့ ထင်နေကြလို့ပါပဲ။
ကံမမြင်ဘဲ ကံကိုဘယ်လိုသက်ဝင်ယုံကြည်မလဲ မေးစရာပဲ။ ယုံကြည်တယ်ဆိုတာ မြင်တယ်ဆိုတာကို အပြည့်အ၀ မဖြစ်ပေမယ့် မှန်းဆပြီးဖြစ်တဲ့ အဖြစ်ရဲ့အမည်ပဲ။ ကံအမှန်ကိုမမြင်သေးပေမယ့် ကံအမှန်ထိအောင် မှန်းဆမြင်နိုင်ရင်တော့ ယုံကြည်တာဟာ ကံမြင်ဖို့အကြိုဖြစ်လို့ လိုအပ်တဲ့အရာပဲ။ ကံအမှန်တွေရောက်အောင် မှန်းဆနိုင်တာမဟုတ်လို့ ကံမဟုတ်တာကို ကံလုပ်ပြီး မှန်းဆ မြင်နိုင်တာဆိုရင်တော့ ဒီယုံကြည်တယ်ဆိုတာ ယုံကြည်တာမဖြစ်ဘဲ ယုံမှားတာအဖြစ်ခံရဖို့ရှိတာပဲ။
ယုံမှားဖြစ်တာကို ယုံကြည်ဖြစ်တာလုပ်မိရင် လုပ်သူမှာ အတော်နစ်နာနိုင်ပါတယ်။ ဒီလိုမဖြစ်ဖို့ ကိုယ့်ကို ကံအယုံ ဖြစ်စေသူရဲ့ ကံအမြင်ကိုမစီစစ်ဘဲ မျက်စိမှိတ်ပြီးမနေဖို့လိုတယ်။ မိဘဖြစ်ဖြစ် ဆရာဖြစ်ဖြစ် မစီစစ်လို့မဖြစ်ဘူး။ သူတို့က ငါတို့ထက် ဘုရားနဲ့ပိုနီးတယ်လို့ သူတို့အောက်ကို လွယ်လွယ်လေးနဲ့ လျှောချမထိုင်မိဖို့ပေါ့။
သူတို့ကံမြင်ကြသူတွေလား။ ဒီလိုမဟုတ်ရင် ငါတို့လိုပဲ ကံယုံကြည်သူတွေပဲလား။ သူတို့ကို ကံယုံကြည်သူစေသူက ဘယ်သူလဲ။ သူဟာ ကံကိုဘယ်လိုမြင်သလဲ။ ကိုယ့်ကိုကံယုံစေတဲ့ ကံမြင်သူကို သေချာဃန မပြနိုင်ပေမယ့် ကံအမြင်ကတော့ မမွေးမီတွေကပြုတာတွေအတိုင်း မွေးဖွားဖြစ်ပွားနေတယ်။ မသေမီကပြုတာတွေအတိုင်း သေပြီးနောင်တွေမှာ ဖြစ်ပွားလိမ့်မယ်လို့ပဲ။
ကိုယ့်ကို ကံယုံစေတဲ့ကံမြင်သူကို ဘယ်သူလို့မပြနိုင်ပေမယ့် အဲဒီကံအမြင်ရဲ့ ပဘ၀ အစ မြစ်ဖျားခံတာဟာ ဗုဒ္ဓဘုရားပဲလို့ လက်ခံနေကြမှာပဲ။ ဗုဒ္ဓဘုရားကို ကမ္မ၀ါဒရှိသူအဖြစ်သိနေကြလို့ ဒီလိုလက်ခံကြတာပဲ။ ဗုဒ္ဓဘုရားဟာ ကမ္မ၀ါဒီအစစ်ပဲ။ ဒါပေမယ့် ဗုဒ္ဓဘုရားရဲ့ကမ္မ၀ါဒက ကံကိုဗုဒ္ဓဘုရားနောက်ကလိုက်နေကြသူတွေက မမြင်နိုင်ကြလို့ ကံထမ်းလာတာမမြင်ရဘူး၊ လှံထမ်းလာ တာပဲ မြင်ရ တယ်လို့ ပြောကြရတဲ့အဖြစ်ရှိတယ်။
ကံကိုဘုရားရဟန္တာအရိယာများမှ မြင်နိုင်တယ်လို့လဲသူတို့ကပြောတယ်။ ဘုရားရဟန္တာအရိယာ မဟုတ်ကြသေးတဲ့ ဗုဒ္ဓဘုရားရဲ့နောက်လိုက်တွေက ဘာတွေများခြားနေကြလို့လဲ။ ဘုရားရဟန္တာအရိယာဖြစ်ကြသူတွေက ကံမြင်တဲ့ကမ္မဒဿန ရှိသူတွေဖြစ်ပြီး ကံမမြင်ကြဘဲ ကံယုံနေကြတဲ့ ဗုဒ္ဓဘုရားရဲ့နောက်ကလိုက်နေကြသူတွေက ကမ္မဒဿနမရှိကြတာတွေ ခြားတာပဲ။
ကမ္မဒဿနမရှိကြသူတွေရဲ့ ဒဿနဟာ ဘာဒဿနတွေရှိနေကြမလဲ။ လိုလားစရာအမြင် ကာမဒဿန၊ စိတ်မ၀င်စား စရာတွေအမြင် ရူပဒဿန၊ ဘာမှမရှိရာအမြင် အရူပဒဿနတွေထဲက တစ်ခုခုဖြစ်တဲ့ ဒဿနတွေ ရှိနေကြသူတွေပဲ။
ကာမဒဿနရှိသူဟာ လိုလားစရာတွေမှာ အမြင်တွေကရှိတော့ လိုလားစရာအာရုံတွေကိုမြင်ပြီး လိုလားစိတ်တွေ ထြွကတယ်။ လိုလားစရာအာရုံတွေကို ရရာရကြောင်း အပြောအဆို အပြုအမူ အပြအသအနေအထိုင်တွေ လုပ်တာကြောင့် လိုလားစရာရအောင်လုပ်တဲ့ ဦးနှောက်ပိုင်ရှင်ဖြစ်တာပဲ။ ဒီလိုဦးနှောက်ရှိသူဖြစ်လို့ လိုလားစရာအမြင် ကာမဒဿနရှိသူပြန်ဖြစ်၊ ဖြစ်လို့ လိုလားစရာအာရုံတွေကိုမြင်တတ်၊ ဒီလိုနဲ့လိုလားစရာမြင်တတ်သူဟာငါပဲ၊ လိုလားရကောင်းမှန်းသိသူဟာလဲ ငါပဲ၊ လိုလားတာကိုရအောင်လုပ်သူလဲငါပဲ၊ လိုလားတာရသူလဲငါပဲ၊ အဲဒီသူဟာ လိုလားမှုဒဿနနဲ့နေတဲ့သူပဲ။
.... ...
အကျယ်အတွက် အောက်ပါ pdf ဖိုင်ကို ဒေါင်းလုပ် လုပ်ယူဖတ်ပါရန် (အမှန်သိလိုသူများ ဖတ်ရှုရန်အတွက်သာ)
မေတ္တာတံခွန်အသင်းမှ ဖြန့်စေသော စာကိုလည်း pdf ပြောင်းပြီး ဖေါ်ပြထားပါသည်။ဒေါင်းလုပ် လုပ်ယူဖတ်ပါရန်
|